Climbing Mt Kinabalu ( မလေးရှားနိုင်ငံရှိအမြင့်ဆုံးတောင် ကင်နာဘာလူးတောင်တက်ခရီး)
Mt Kinabalu ကင်နာဘာလူး တောင်တက်ခရီး မလေးရှားပိုက်ဆံ ရင်းဂစ်တစ်ရာတန်နောက်ကျောမှာ တောင်ထွဋ်နှစ်ခုပုံတွေကိုထည့်ထားရာ၊ ယာဘက်ကတောင်ထွဋ်က Mt Kinabalu ရဲ့ Kinabalu South Peaks ဆိုတဲ့ တောင်ထွဋ်ဖြစ်ပြီး ဝဲဘက်က အချွန်အတက်တွေကတော့ ဆာရာဝက်ပြည်နယ် Mulu ဒေသရှိ The Pinnacle ကျောက်စွယ်တွေဖြစ်ပါတယ်။ Mt Kinabalu South Peak (အပေါ်)၊ Mulu Pinnacles (အောက်) ပုံများနဲ့ မလေးရှား ရင်းဂစ် ၁၀၀ တန်နောက်ကျော ပုံ Mt Kinabalu ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၉၅.၂ မီတာ (၁၃၄၃၅.၇ ပေ) မှာရှိတဲ့ Low's peak ဆိုတဲ့ Mount Kinabalu ရဲ့ တောင်ထွဋ် ကတော့ မလေးရှားနိုင်ငံမှာ အမြင့်ဆုံးပါ။ ။ ဟိမဝန္တာတောင်တန်းနဲ့ အင်ဒိုနီးရှားအကြားမှာ အမြင့်ဆုံးဆိုတဲ့ ကင်နာဘာလူးတောင်က မလေးရှားအရှေ့ပိုင်း ဆာဘားပြည်နယ်မှာရှိပါတယ်။ ( https://maps.app.goo.gl/m1aedgVLqRC9ydq78 ) အဲဒီတောင်ကြီးက UNESCO ရဲ့ The World Heritage Site စာရင်းဝင် Kinabalu national park ထဲမှာရှိပြီး Sabah park ဌာနရဲ့စီမံခန့်ခွဲမှုအောက်မှာရှိပါတယ်။ Mt Kinabalu တောင်ကို တက်ချင်လျင်တော့ တောင်တက်ခွင့်ပါမစ်ယူပြီးမှ တညအိပ်နှစ်ရက်ခရီး အနေနဲ့ တက်လိ...