Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာရာဝက် ပြည်နယ်ရှိ Gunung Mulu National Park ကိုဘယ်လိုသွားနိုင်တယ် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်တယ်၊ လေယာဉ်ခရီး၊ တည်းခိုရန်နေရာ၊ လေဆိပ်အကြိုအပို့၊ Mulu National Park Head Quarter (Park HQ) အနေအထားကလေးတွေကို Gunung Mulu National Park The Pinnacle တောင်တက်ခရီးအကြောင်းပို့စ် ထဲမှာ ရေးထားပြီးဖြစ်ပါတယ်။ ဒီအပိုင်း ၂ မှာတော့ Gunung Mulu National Park ကိုရောက်စဉ် ကျနော် သွားရောက်လည်ပတ်ခဲ့တဲ့ Guided Tours and Unguided tours ကလေးတွေအကြောင်းကို အကျဉ်းချုပ် ရေးပြပေးသွားမှာပါ။ Mulu National park မှာ ဘာတွေလည်စရာရှိလဲ? Guided tours နဲ့ Unguided tours တွေရှိပါတယ်။ Unguided tours Unguided tours တွေက သွားရလွယ်တဲ့ သစ်သားခင်း raised walking platform မဟုတ်လျင်၊ ကျောက်စရစ်ခင်း လမ်းတွေဖြစ်ပြီး လမ်းဆုံတိုင်းလမ်းညွှန် ဆိုင်းဘုတ်တွေရှိလို့ လမ်းပျောက်ဖို့ ခဲယဉ်းပါတယ်။ Gunung Mulu National Park မြေပုံ Botanical Heritage Trail...