Posts

Showing posts from January, 2020

ဘတ်ဂျက်လေကြောင်း လက်မှတ်ဝယ်မယ်ဆိုလျင် Return ဝယ်တာနဲ့ On way ခွဲဝယ်တာ ဘယ်ဟာကပို သက်သာလဲ

Image
ဘတ်ဂျက်လေကြောင်း လက်မှတ်ဝယ်မယ်ဆိုလျင် Return ဝယ်တာနဲ့ On way ခွဲဝယ်တာ ဘယ်ဟာကပို သက်သာလဲ လေယာဉ်လက်မှတ်ဝယ် လျှင်  Return Ticket ကိုဝယ်တာ One way Ticket  ၂စောင်ထက် အများကြီး ဈေးသက်သာတယ် လို့ ကျနော်တို့ အများစုသိထားပါတယ်။ လိုင်းကြီးတွေအတွက်မှန်ပါတယ်။ အခုနောက်ပိုင် AirAsia လို ဘတ်ဂျက်လေကြောင်းတွေ က  point to point ဆိုတဲ့ ခရီးတဖြတ်စာဝန်ဆောင်မှု ပေးတဲ့ စနစ်ကိုသုံးလာတဲ့ အခါမှာတော့ အဲဒီ နိယာမကိုမလိုက်နာတော့ပါဘူး။ ဘယ်လိုဝယ်ဝယ် ခရီးတကြောင်းဈေးက မပြောင်းပါ။ သူတို့ဟာခရီးသည်တွေကိုဆွဲဆောင်ဖို့ ခရီးတခုထဲမှာတောင် လက်မှတ်တွေကို ဈေးအမျိုးမျိုးခွဲပြီး ကစားပါတယ်။ အသွားခရီးကို အလွန်နည်းအောင်ချပြီး တလအတွင်း အပြန်ခရီးစဉ်တွေအားလုံးကိုဈေးတင်ထားတာမျိုးလည်းတွေ့ဖူးပါတယ်။ အများစုက အလယ်ခရီးသွားလျင် တလမပြည့်ခင် ပြန်ကြတာကိုး။ ဈေးချတဲ့အခါ ခရီးစတဲ့ ဒေသတခုအတွက်ဈေးချပေမယ့် နောက်ဒေသတခုကစတဲ့ခရီးမှာတော့ ဈေးများနေနိုင်ပါတယ်။ ဒါကြောင့် လက်မှတ် ဝယ်တဲ့ အခါ ဝယ်လို့ရနိုင်တဲ့ နည်းမျိုးစုံနဲ့စမ်ပြီး ဈေးနှုန်းတွေကိုယှဉ်ကြည့်လျင် ပိုသက်သာတဲ့လက်မှတ်ရနိုင်ပါတယ်။ စဉ်းစားရမည့်အချက်တွေကတော့  ၁. အသွားပြန် ...

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင်ရန် Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင်

Image
သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန်  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် မြန်မာနိုင်ငံသားတွေထိုင်ဝမ်ကိုဝင်ခွင့်ဗီဇာကို လျှောက်နိုင်တဲ့ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကို အမှတ် ၉၇/၁၀၁ (အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ၂၀၁၆ မတ်လကစလို့ပြန်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန် ဗီဇာလျှောက်မယ်ဆိုလျင် အဲဒီရုံးရဲ့  website လင့်  https://www.roc-taiwan.org/mm_mm/cat/11.html  မှာ ဗီဇာလျှောက်ဖို့လမ်းညွှန်ချက်နဲ့ လင့်   https://visawebapp.boca.gov.tw/BOCA_EVISA/  တွေရှိပါတယ်။ ပွဲစားမလိုပဲ အဲဒီရုံးမှာကိုယ်တိုင်လျှောက်နိုင်ပါတယ်။ အဲလိုလျှောက်ဖို့လိုတဲ့ စာရွက်စာတန်းတွေကို ဒီလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်။ https://www.roc-taiwan.org/uploads/sites/238/2016/10/%E7%B0%BD%E8%AD%89%E6%87%89%E7%B9%B3%E6%96%87%E4%BB%B6.pdf သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် ( ၁၅မိနစ်အတွင်းအကုန်ပြီး) ၂၀၁၇ ဇွန်လ ၂ ရက်...