Posts

Showing posts with the label Travel

မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်

Image
 မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်  နိုင်ငံခြားသားတယောက်ဟာ  အမြဲတန်းနေထိုင်ခွင့် Permanent residency  မရထားတဲ့ နိုင်ငံတခုကိုဝင်တဲ့အခါ အဓိက လိုအပ်ချက် သုံးခုရှိပါတယ်။  (၁)  Travel Document, (Passport, Certificate of Idendity  စသည်ဖြင့်။ ) (၂)  တိုင်းပြည်တွင်းသို့ဝင်ရောက်ခွင့် ဗီဇာ Visa နဲ့  (၃) တိုင်းပြည်အတွင်းကာလတခုအထိ နေထိုင်ခွင့်ပါမစ် (permit/ pass  စသည်ဖြင့်ခေါ်ပါတယ်။ ) ဒီနေရာမှာ  နံပတ် ၂  ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ နေထိုင်ခွင့် pass/ permit တို့ဟာမတူဘူးဆိုတာကို  လူအတော်များများကသတိမပြုမိကြတာကိုသတိထားမိပါတယ်။  နိုင်ငံအလိုက် သူတို့ဥပဒေအလိုက် အဲဒီဗီဇာ နဲ့  နေထိုင်ခွင့်ပါမစ် အမျိုးစား၊ လိုအပ်ချက်၊ ထုတ်ပေးပုံတွေ မတူပါဘူး။  Travel Document, Passport  ကျနော်တို့ကိုင်တဲ့ပါစ့်ပို့တွေကိုလည်း အခြေခံအားဖြင့် အမျိုးစားခွဲခြားထားတာက သုံးမျိုးပါ၊  (၁) Diplomatic passport  ဆိုတဲ့ သံတမန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ပါ့စ်ပို့ အပြာ (၂) Official passport (  အစိုးရကတရားဝန်တာဝန်နဲ့ပြည်ပခရီးကိုစေလ...

သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင်ရန် Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင်

Image
သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန်  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် မြန်မာနိုင်ငံသားတွေထိုင်ဝမ်ကိုဝင်ခွင့်ဗီဇာကို လျှောက်နိုင်တဲ့ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကို အမှတ် ၉၇/၁၀၁ (အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ၂၀၁၆ မတ်လကစလို့ပြန်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန် ဗီဇာလျှောက်မယ်ဆိုလျင် အဲဒီရုံးရဲ့  website လင့်  https://www.roc-taiwan.org/mm_mm/cat/11.html  မှာ ဗီဇာလျှောက်ဖို့လမ်းညွှန်ချက်နဲ့ လင့်   https://visawebapp.boca.gov.tw/BOCA_EVISA/  တွေရှိပါတယ်။ ပွဲစားမလိုပဲ အဲဒီရုံးမှာကိုယ်တိုင်လျှောက်နိုင်ပါတယ်။ အဲလိုလျှောက်ဖို့လိုတဲ့ စာရွက်စာတန်းတွေကို ဒီလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်။ https://www.roc-taiwan.org/uploads/sites/238/2016/10/%E7%B0%BD%E8%AD%89%E6%87%89%E7%B9%B3%E6%96%87%E4%BB%B6.pdf သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ  Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် ( ၁၅မိနစ်အတွင်းအကုန်ပြီး) ၂၀၁၇ ဇွန်လ ၂ ရက်...

ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ

Image
ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ https://www.straitstimes.com/singapore/changis-jewel-shaping-up-well-for-sparkling-start-in-2019 အသက် ၂၇ နှစ် အရွယ် အမျိုးသားတယောက်က သူသိပ်ချစ်တဲ့ ဇနီးကလေး ၂၅-၈-၂၀၁၉ နေ့မှာ နိုင်ငံရပ်ခြားခရီးသွားတာကို အတူမလိုက်နိုင်တဲ့ အတွက် သူမရဲ့ ခရီးကိုသူတတ်နိုင်သလောက်အတူလိုက်ပို့ဖို့ သူများထက်ထူးအောင်လုပ်ခဲ့ပါတယ်။ သူဟာ ဇနီးသည်စီးမယ့်ခရီးစဉ်မှာ သူ့အတွက် လက်မှတ်တစောင် အပိုဝယ်ပြီး  အတူချက်အင်လုပ်၊ ဘုတ်ဒင်းပါစ့်ထုတ်ကာ ဘုတ်ဒင်းဂိတ်ထဲအထိအတူလိုက်လာခဲ့ပါတယ်။ ဇနီးသည် လေယာဉ်ပေါ်ကို တက်ကာနီးအထိအတူနေပေးခဲ့ပြီးမှ နှုတ်ဆက်ကာ ကျန်နေခဲ့ပါတယ်။ ရိုမန်တစ်ဇာတ်လမ်းကလေးတပုဒ်ပေါ့။ ခက်တာက သူအဲဒီလိုလုပ်တာက စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာဖြစ်နေပါတယ်။ စင်္ကာပူ ဥပဒေနဲ့ စည်းကမ်းကြီးတဲ့ ရဲတွေကတော့ သိပ်ပြီး ရိုမန်တစ် မဆန်ကြပါဘူး။ အင်မီဂရေးရှင်းကောင်တာကိုကျော်ပြီးလျင်ရောက်တဲ့ ထရန်ဆစ်နေရာ transit areas ကို လုံခြုံရေးနယ်မြေ "protected places."လို့သတ်မှတ်ထားပါတယ်၊ https://www.facebook.com/singaporepoliceforce/photos/a.10152380286964408/10158819545354408/?type=3&t...
Image
ရန်ကုန်လေဆိပ်တွင် ပြည်ပဆိုက်ရောက်နှင့်ပြည်ပထွက်ခွာ ခရီးသည်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်ချက်များ 2.1 Custom Checks Passengers are required to go through custom screening after clearing immigration and collecting their checked baggage. Passengers with nothing to declare may pass through the Green Channel while passengers with goods to declare have to pass through the Red Channel. 2.2 Custom Allowance The custom allowances are as follows: Duty Free Allowances Each passenger is only permitted to bring the following with them into Yangon: A variety of liquor not more than 2 litres Perfume not exceeding 150 ml Not more than 400 sticks of cigarettes Not more than 50 Cigar rolls Not more than 250g of pipe tobacco Any jewellery that was permitted to be exported by the Central Bank of Myanmar. All foreigners must declare any jewellery with customs upon arrival Reasonable amount of drugs prescribed by a doctor for personal use 1 set of a portable amateur cam...

အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်သူများ ဆိုရှယ်မီဒီယာအကောင့် နဲ့ အီးမေးလ်၊ ဖုန်းနံပတ်တွေပါပေးရတော့မယ်။

Image
အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်သူများ အီးမေးလ်၊ ဖုန်းနံပတ်တွေသာမက ဆိုရှယ်မီဒီယာအကောင့်တွေပါပေးရတော့မယ်။  ဒီ ဇွန်၁ ရက်မှာ စတင် အသက်ဝင်တဲ့၊ ၂၀၁၈ မတ်လကတည်းက ထရမ့်အစိုးရ အဆိုပြုထားခဲ့တ၊ဲ့ ဥပဒေသစ်အရ အမေရိကန်ဗီဇာလျှောက်သူတွေဟာ၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်အမည်၊ ၅ နှစ်အတွင်းသုံးခဲ့တဲ့ ဖုန်းနဲ့ အီးမေးလိပ်စာတွေကိုပါပေးရမယ်ဆိုပါတယ်။ အွန်လိုင်းဖြည့်ရတဲ့ ပုံစံမှာ ဖြည့်ဖို့ပါလာမှာဖြစ်ပြီး ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်းမသုံးသူကတော့ မသုံးဘူးလို့ရွေးပေးလို့ရမယ် ဆိုပါတယ်။  သံတမန်နဲ့ အစိုးရတာဝန်နဲ့လာသူတွေကတော့ ဒီလိုလုပ်စရာမလိုသေးဘူးဆိုပါတယ်။ လုံခြုံရေး အကြောင်းပြချက်နဲ့ ဒီလိုတင်းကြပ်မှုက တနှစ်ကို ဗီဇာလျှောက်သူ ၁၄.၇ သန်းလောက်ကို အကျိုးသက်ရောက်စေမှာပါ။ မမှန်ကန်တဲ့ အချက်အလက်တွေ ပေးလျင်တော့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်တွေကိုခံစားရလိမ့်မယ်လို့ဆိုပါတယ်။  Civil Liberties Union ဆိုတဲ့ လူမှူအခွင်းရေးလှုပ်ရှားတဲ့ အုပ်စုကတော့ ဒီလို ဆိုရှယ်မီဒီယာတွေကို စိစစ်တာ အကျိုးရှိတယ်ဆိုတဲ့ အထောက်အထားမရှိသလို တရားမျှတမှူလည်း မရှိဘူးလို့ဆိုနေပါတယ်။  ဖေ့ဘွတ်အကောင့်အများကြီးရ...

ဝယ်ထားတဲ့ လက်မှတ်က လေကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လေကြောင်းလိုင်းကတခြား။ (ဝယ်ထားတဲ့ လက်မှတ်က လကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လကြောင်းလိုင်းကတခြား။)

Image
ဝယ်ထားတဲ့ လက်မှတ်က လေကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လေကြောင်းလိုင်းကတခြား။  (Unicode font)   (ဝယ်ထားတဲ့ လက်မှတ်က လကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လကြောင်းလိုင်းကတခြား။) (Zawgyi)  MAI လေကြောင်းက လက်မှတ်ကို ဝယ်ပြီး လေယာဉ်ပေါ်တက်တော့ လေယာဉ်က Air KBZ လေယာဉ်ကြီးဖြစ်နေလို့ စိတ်ပူသွားပါသလား။ အခုခေတ်မှာ လေယာဉ်နဲ့ခရီးသွားတဲ့ အခါ လေယာဉ်တစီးထဲမှာ မတူတဲ့ လေကြောင်းလိုင်းရဲ့ လက်မှတ်တွေနဲ့ စီးတဲ့ အတူစီးခရီးသည်တွေကို ဆုံရတတ်ပါတယ်။ Codeshare flight  တွေလို့ ခေါ်ကြပါတယ် Codeshare ဆိုတော့ ဘာ code ကို ရှဲတာလဲလို့ မေးစရာရှိလာပါတယ်။ Airlines codes လေကြောင်းလိုင်းတွေတိုင်းမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း   IATA  ( International Air Transport Association )က သတ်မှတ်တဲ့ IATA code နဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်း အဖွဲ့  ICAO  ( International Civil Aviation Organization   Airlines ) ကသတ်မှတ်တဲ့ ICAO code ဆိုပြီး ရှိကြပါတယ်။ အဲဒီလေကြောင်းလိုင်းတွေက လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲတဲ့ အခါ မိမိတို့လိုင်းကိုယ်စားပြုကုဒ်...