ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ
ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ
![]() |
| https://www.straitstimes.com/singapore/changis-jewel-shaping-up-well-for-sparkling-start-in-2019 |
သူဟာ ဇနီးသည်စီးမယ့်ခရီးစဉ်မှာ သူ့အတွက် လက်မှတ်တစောင် အပိုဝယ်ပြီး အတူချက်အင်လုပ်၊ ဘုတ်ဒင်းပါစ့်ထုတ်ကာ ဘုတ်ဒင်းဂိတ်ထဲအထိအတူလိုက်လာခဲ့ပါတယ်။
ဇနီးသည် လေယာဉ်ပေါ်ကို တက်ကာနီးအထိအတူနေပေးခဲ့ပြီးမှ နှုတ်ဆက်ကာ ကျန်နေခဲ့ပါတယ်။
ရိုမန်တစ်ဇာတ်လမ်းကလေးတပုဒ်ပေါ့။
ခက်တာက သူအဲဒီလိုလုပ်တာက စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာဖြစ်နေပါတယ်။
စင်္ကာပူ ဥပဒေနဲ့ စည်းကမ်းကြီးတဲ့ ရဲတွေကတော့ သိပ်ပြီး ရိုမန်တစ် မဆန်ကြပါဘူး။
အင်မီဂရေးရှင်းကောင်တာကိုကျော်ပြီးလျင်ရောက်တဲ့ ထရန်ဆစ်နေရာ transit areas ကို လုံခြုံရေးနယ်မြေ "protected places."လို့သတ်မှတ်ထားပါတယ်၊
![]() |
| https://www.facebook.com/singaporepoliceforce/photos/a.10152380286964408/10158819545354408/?type=3&theater |
လေယာဉ်စီးဖို့မဟုတ်ဘဲ ဘုတ်ဒင်းဂိတ်ထဲအထိ သူ့ချစ်ဇနီးလေးကို လိုက်ပို့ချင်လို့ ဘုတ်ဒင်းပါ့စ်ကိုသုံးပြီး အဲဒီနေရာကိုဝင်ရောက်တာဟာ စင်္ကာပူဥပဒေအရတော့ ရိုမန်းတစ်ဇာတ်လမ်းမဟုတ်ဘဲ ဘုတ်ဒင်းပါ့စ်ကိုအလွဲသုံးစားလုပ်တာဖြစ်ပြီး Singapore's Infrastructure Protection Act အရ အပြစ်ဒါဏ် ငွေဒါဏ် စင်္ကာပူဒေါ်လာ နှစ်သောင်း သို့မဟုတ် ထောင်ဒါဏ် ၂ နှစ်အထိကျခံရနိုင်ပါတယ်။
ဒီလို့ ပြစ်မှုကျူးလွန်လို့အရေးယူရတာ ၂၀၁၉ ခုအတွင်းမှာ ၃၃ဦးအထိရှိခဲ့ပြီဆိုပါတယ်။
ကမ္ဘ့ာထိပ်တန်း လေဆိပ်တွေထဲစာရင်းဝင်တဲ့ ချန်ဂီလေဆိပ်ဆိုတာက လည်း ဆွဲဆောင်မှုတွေပြည့်နှက်နေတဲ့ လေဆိပ်ပါ။
ပြီးခဲ့တဲ့ဧပြီလကမှဖွင့်ခဲ့တဲ့ Jewel terminal ကကမ္ဘာ့မြင့်ဆုံး အင်ဒိုးရေတံခွန်, မကြခဏ ပြောင်းနေတဲ့ အလှအပ ဆင်ယင်မှုများ၊ ပန်းခြံများ ဂျူတီဖရီးဆိုင်များနဲ့ ဆွဲဆောင်မှု အလွန်ကောင်းတဲ့အတွက် လူတွေကလည်းဝင်လည်ချင်ကြတာပါ။
ဒါပေမယ့် စင်္ကာပူဆိုတာ သူများနဲ့ မတူတဲ့ ဥပဒေတွေရှိတဲ့ နိုင်ငံပါ။ သူ့နိုင်ငံသွားလျင် သတိထားရပါတယ်။
ကိုယ့်ပိုက်ဆံကိုယ်ပေးဝယ်တဲ့ လက်မှတ်နဲ့ လေယာဉ် စီးချင်မှ စီးမှာပါ့။ မစီးတော့ ဘာဖြစ်လဲ လို့ တွေးမိမှာပါ။
လက်မှတ်ဝယ်ပြီးလေယာဉ်မစီးတာကတော့ ပြသနာမရှိပါ။
လေယာဉ်ပေါ်တက်ဖို့ boarding pass ကို တော့ လေယာဉ်တကယ်စီးမယ်ဆိုမှထုတ်ပါ။ ချက်အင်လုပ်တယ်ဆိုတာ လေယာဉ်ကိုတကယ်စီးဖို့ သတင်းပို့ စာရင်းသွင်းတာပါ။
တခါတလေတော့လည်း ချက်အင်လုပ်ပြီးမှ လေယာဉ် လွတ်သွားတာ အရေးပေါ်ကိစ္စပေါ်လာလို့ မစီးဖြစ်လိုက်တာတွေ ရှိကြပါတယ်။
အဲဒီလို မဟုတ်ဘဲ လေယာဉ်စီးဖို့ အစီ အစဉ်မရှိပါပဲ တမင်ချက်အင်လုပ်ပြီး တာမီနယ်ထဲအထိဝင်သွားဖို့လေယာဉ်တက်လက်မှတ် boarding pass ကိုတလွဲသုံးတာကို စင်္ကာပူဥပဒေက ခွင့်မပြုပါဘူး။
တချို့က ငွေပြန်အမ်းနိုင်တဲ့လက်မှတ်ဝယ်ပြီး ချက်အင်စောစောလုပ်ကာ အထဲရောက်မှ လက်မှတ်ငွေပြန်အမ်းနိင်တဲ့သတ်မှတ်ချိန် မကုန်မီ ခရီးကို ဖျက်၊ တာမီနယ်ထဲမှာ ပျော်ပျော်ကြီး လျှောက်လည်၊ ဈေးဝယ် လေကြောင်းလိုင်း မန်ဘာ ခန်းမတွေမှာဝင် စားသောက်ပြီးမှ ပြန်ထွက် လက်မှတ်ပြန်အမ်းငွေကို ယူတာ ရှိတယ်ဆိုပါတယ်။
ချန်ဂီမှာ အဲလိုလုပ်တာကိုသိသွားလို့ကတော့ ငွေဒါဏ် စင်္ကာပူဒေါ်လာ နှစ်သောင်း သို့မဟုတ် ထောင်ဒါဏ် ၂ နှစ်ပါ၊
Singapore's Infrastructure Protection Act က ရည်ရွယ်ချက်ရှိရှိနဲ့ ဘုတ်ဒင်းပါစ့်ကို အလွဲသုံးသူတွေကိုသာအရေးယူတာပါ.
သိထားတော့ သတိထားရအောင်ပါ
ဖိုးသုည
3-9-19
ကိုးကား
https://www.facebook.com/singaporepoliceforce/photos/a.10152380286964408/10158819545354408/?type=3&theater
https://edition.cnn.com/travel/article/singapore-airport-ticket-arrest/index.html


Comments
Post a Comment