ဘာမဟုတ္တဲ့ ပစၥည္းကေလးတခုေၾကာင့္ သူမ်ားႏိုင္ငံ ေလဆိပ္မွာ ေခတၱထိန္းသိမ္း စစ္ေဆးတာခံရႏိုင္ၿပီး ေလယာဥ္လည္းလြတ္ကာ ဒုကၡမ်ားႏိုင္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး။
ျဖစ္စဥ္ (၁)
တခါက ရန္ကုန္ေလဆိပ္ boarding gate လုံၿခဳံေရးစစ္ေဆးတဲ့ေနရာမွာ ၃ ႏွစ္ အ႐ြယ္ကေလးနဲ႔ သူ႔အေဖတို႔ရဲ႕
လက္ဆြဲအိတ္ကို ရဲေမတေယာက္က ဖြင့္ျပခိုင္းပါတယ္။
ဓါတ္မွန္ထဲျဖတ္စစ္ေတာ့ အိတ္တဲမွာ
ခက္ရင္းတေခ်ာင္းေတြ႕လို႔ပါ။
ေလယာဥ္ေပၚ မွာအစားေကြၽးတာေတာင္
ပလတ္စတစ္ ဇြန္း ခက္ရင္းပဲေပးေတာ့တဲ့ ေခတ္ဆိုေတာ့ စတီးနဲ႔ လုပ္ထားတဲ့ ခြၽန္ထက္ေသာ
ပစၥည္းေတြကို လူနဲ႔ အတူ ယူခြင့္ မျပဳဘူးကိုး။
အိတ္ကိုဖြင့္လိုက္ေတာ့ ကေလးအတြက္
ဇြန္းခက္ရင္းနဲ႔ တူ အစုံဘူးကေလး။
ရဲေမက စတီးခက္ရင္းကို
ယူခြင့္မျပဳေၾကာင္းေျပာျပေတာ့ ကေလးအေဖကလည္း ေမ့ၿပီး ထည့္လာခဲ့မိေၾကာင္းရွင္းျပ။
ရဲေမက ခက္ရင္းကို ထုတ္ယူထားလိုက္ၿပီး
က်န္တာေတြနဲ႔ ဘူးကေလးကို ျပန္အေပး ကေလးကို ၾကည့္ၿပီးေတြ ေဝသြားတယ္။
ပါးစပ္ကလည္း "ေအာ္ သူကေလးရဲ႕
ဇြန္းခက္ရင္း အစုံကေလးေတာ့ ဘက္ပဲ့ သြားေတ့ာမွာပဲ" တဲ့ ။
ခက္ရင္းကေလးကို
ျပန္ထည့္ေပးမလို႔လုပ္ရင္း ခ်ည္တုံခ်တုံျဖစ္ေနၿပီးေမးတယ္ "စကၤပူတင္ပဲလား၊
ဘယ္ကိုသြားမွာလဲ" တဲ့၊ "မဟုတ္ပါဘူး စကၤပူမွာ ေလယာဥ္ေျပာင္းၿပီး
ခရီးဆက္ရမွာ" ဆိုေတာ့မွ ခက္ရင္းကေလးကို စိတ္မေကာင္းစြာ သိမ္းယူရင္း
"အဲဒါဆိုရင္ေတာ့ ေပးယူလို႔ မျဖစ္ဘူး။ ဟိုမွာ ေလယာဥ္ေျပာင္းလို႔ ထပ္စစ္ရင္
ေတြ႕ၿပီး သိမ္းမွာပဲ။ သိမ္းတာက ျပသနာမရွိဘူး ဒီဘက္ကဘာလို႔ လႊတ္ေပးလိုက္လဲဆိုၿပီး
ဆက္လိုက္လာဦးမွာ တဲ့"
(၁) တာဝန္အရ လုပ္ရေသာ္လည္း မိခင္စိတ္နဲ႔
ကေလးရဲ႕ ခက္ရင္းကို ျပန္ေပးခ်င္ေနတဲ့ ရဲေမ၊ ၾကင္နာစိတ္ရွိတယ္လို႔ ခ်ီးက်ဴးၾကမွာလား
လုံၿခဳံေရး ရႈေထာင့္ကၾကည့္ၿပီး အျပစ္တင္ၾကမွာလား။
(၂) စကၤာပူဆိုတာ လုံၿခဳံေရးနဲ႔
ပတ္သက္လာရင္ အလြန္ တင္းၾကပ္ပါတယ္။
ျဖစ္စဥ္ (၂)
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားတေယာက္
ရန္ကုန္ကို အျပန္ စကၤာပူမွာ ေလယာဥ္ေျပာင္းၿပီး Boarding ဝင္ေတာ့ ထုံးစံအတိုင္း လုံၿခဳံေရး
အစစ္ေဆးခံရျပန္ပါတယ္။ အဲဒီမွာ အိတ္ထဲက က်ဥ္ဆံပုံ ေဆြဲသီးကေလး
ကိုေတြ႕ပါေလေရာ။
စထြက္လာတဲ့ ႏိုင္ငံမွာ ဘာမွ မေျပာဘဲ လႊတ္ေပးလိုက္တဲ့ ေသာ့ခ်ိတ္ကေလးအတြက္
စကၤာပူေလဆိပ္မွာေတာ့ ရဲေတြကို အေၾကာင္းၾကားလိုက္လို႔ တနာရီေက်ာ္ အစစ္ခံလိုက္ရတာ
ေလယာဥ္ကမေစာင့္ေတာ့ဘဲ သူ႔ ပစၥည္းေတြခ်ထားခဲ့ၿပီးထြက္သြားပါေလေရာ။
ဘာမွ အႏၲရာယ္ေပးတဲ့ ပစၥည္းမဟုတ္လို႔
ျပသနာမလုပ္ဘဲ အဲဒါကေလးကို သူတို႔ အေရွ႕မွာလႊင့္ပစ္ခိုင္းလိုက္ၿပီး
ခရီးဆက္ခြင့္ရေပမဲ့ ေလယာဥ္က ထြက္သြားၿပီမို႔ လြတ္သြားတဲ့ ေလယာဥ္ကခ်ထားခဲ့တဲ့
ပစၥည္းေတြကို Lost and
found မွာ သြားေ႐ြး ေငြကုန္ခံၿပီး
ေနာက္ထပ္လက္မွတ္ဝယ္၊ အခ်ိန္ကုန္ခံၿပီး ထပ္ေစာင့္ၿပီးမွ ႐ြာျပန္ရပါေတာ့တယ္။ နယ္ကေန
ရန္ကုန္အထိလာႀကိဳတဲ့ မိသားစုေတြလည္း ကသိကေအာက္ေတြ ျဖစ္ရတာေပါ့။
ကိုးရီးယားကိုသြားလည္တဲ့ မိသားစုတခု၊ ကေလးေတြက ကစား'စရာ လက္ပစ္ဗုံးပုံ ေသာ့ခ်ိတ္ကေလးေတြ ဝယ္ပါတယ္၊ ေလဆိပ္မွာ ခ်က္အင္ဝင္ေတာ့ မိဘေတြက ဝန္ထမ္းတါေကို ေမးပါေသးတယ္။ ေကာင္တာဥ ေလေၾကာင္းလိုင္းဝန္ထမ္းက လူနဲ႔ ယူသြားလို႔ရပါတယ္ တဲ့ ။ အထဲလဲ ဝင္ေရာ လုံၿခဳံေရးက သိမ္းထားလိုက္ပါတယ္။ စစ္တာေဆးတာ မလုပ္တာကိုပဲ ေက်းဇူးတင္ခဲ့ရပါသတဲ့ ။
ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေလဆိပ္ လုံၿခဳံေရး
စစ္ေဆးတဲ့ ေနရာမွာ၊ သတိေပး ေၾကျငာထားၿပီးသားျဖစ္တဲ့ တားျမစ္ထားတဲ့
လက္နက္အျဖစ္သုံးလို႔ရႏိုင္တဲ့ ပစၥည္းေတြကို ေတြ႕ရင္ ပစၥည္းကို သိမ္း႐ုံ သာမက ဒါဏ္ေငြပါတပ္သလို
ေခတၱဖမ္းဆီးထိမ္းသိမ္းတာလည္းခံရႏိုင္ပါတယ္။
ကေလးကစားတဲ့ ေသနတ္ေတာင္ တကဲ့ ေသနတ္နဲ႔
တူရင္ ျပသနာ အလုပ္ခံရတတ္ပါတယ္။
အဲလို ကစားစရာ ေသနတ္ကိုယူလာမိလို႔
သူမ်ားႏိုင္ငံ ေလဆိပ္မွာ တနာရီမက ရဲေတြစစ္ေဆးတာကို ခံခဲ့ရတယ္ဆိုတဲ့အေၾကာင္းကိုလည္း မိတ္ေဆြတေယာက္က
သူ႔ရဲ႕ အေတြ႕အႀကဳံကို ေျပာျပဖူးပါတယ္။
အဲဒါေၾကာင့္ ျပည္ပခရီးသြားမည့္သူမ်ား
မိမိရဲ႕ခရီးေဆာင္ အိတ္ထဲမွာ ဆိုင္ရာႏိုင္ငံ၊ ခရီးေထာက္မည့္ႏိုင္ငံ နဲ႔
စီးမည့္ေလေၾကာင္းလိုင္းေတြက ကန႔္သတ္တားျမစ္ထားတဲ့ ပစၥည္းေတြ မပါေအာင္ ေသေသခ်ာခ်ာ
ဂ႐ုစိုက္ စစ္ေဆးသင့္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး မွ်ေဝတာပါ။
ဖိုးသုည
19-11-2018
နမူနာ စကၤာပူေလေၾကာင္းလိုင္းရဲ႕
ကန႔္သတ္ခ်က္ကေလးေတြပါ တင္ေပးထားပါတယ္။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/nfo/baggage/baggage-restrictions/
ဘာမဟုတ်တဲ့ ပစ္စည်းကလေးတခုကြောင့် သူများနိုင်ငံ လေဆိပ်မှာ ခေတ္တထိန်းသိမ်း စစ်ဆေးတာခံရနိုင်ပြီး လေယာဉ်လည်းလွတ်ကာ ဒုက္ခများနိုင်ပါတယ်ဆိုတဲ့ အကြောင်းကလေး။ ( Unicode)
ဖြစ်စဉ် (၁)
တခါက ရန်ကုန်လေဆိပ် boarding gate လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ ၃ နှစ် အရွယ်ကလေးနဲ့ သူ့အဖေတို့ရဲ့
လက်ဆွဲအိတ်ကို ရဲမေတယောက်က ဖွင့်ပြခိုင်းပါတယ်။
ဓါတ်မှန်ထဲဖြတ်စစ်တော့ အိတ်တဲမှာ
ခက်ရင်းတချောင်းတွေ့လို့ပါ။
လေယာဉ်ပေါ် မှာအစားကျွေးတာတောင်
ပလတ်စတစ် ဇွန်း ခက်ရင်းပဲပေးတော့တဲ့ ခေတ်ဆိုတော့ စတီးနဲ့ လုပ်ထားတဲ့ ချွန်ထက်သော
ပစ္စည်းတွေကို လူနဲ့ အတူ ယူခွင့် မပြုဘူးကိုး။
အိတ်ကိုဖွင့်လိုက်တော့ ကလေးအတွက်
ဇွန်းခက်ရင်းနဲ့ တူ အစုံဘူးကလေး။
ရဲမေက စတီးခက်ရင်းကို
ယူခွင့်မပြုကြောင်းပြောပြတော့ ကလေးအဖေကလည်း မေ့ပြီး ထည့်လာခဲ့မိကြောင်းရှင်းပြ။
ရဲမေက ခက်ရင်းကို ထုတ်ယူထားလိုက်ပြီး
ကျန်တာတွေနဲ့ ဘူးကလေးကို ပြန်အပေး ကလေးကို ကြည့်ပြီးတွေ ဝေသွားတယ်။
ပါးစပ်ကလည်း "အော် သူကလေးရဲ့
ဇွန်းခက်ရင်း အစုံကလေးတော့ ဘက်ပဲ့ သွားတေ့ာမှာပဲ" တဲ့ ။
ခက်ရင်းကလေးကို
ပြန်ထည့်ပေးမလို့လုပ်ရင်း ချည်တုံချတုံဖြစ်နေပြီးမေးတယ် "စင်္ကပူတင်ပဲလား၊
ဘယ်ကိုသွားမှာလဲ" တဲ့၊ "မဟုတ်ပါဘူး စင်္ကပူမှာ လေယာဉ်ပြောင်းပြီး
ခရီးဆက်ရမှာ" ဆိုတော့မှ ခက်ရင်းကလေးကို စိတ်မကောင်းစွာ သိမ်းယူရင်း "အဲဒါဆိုရင်တော့
ပေးယူလို့ မဖြစ်ဘူး။ ဟိုမှာ လေယာဉ်ပြောင်းလို့ ထပ်စစ်ရင် တွေ့ပြီး သိမ်းမှာပဲ။
သိမ်းတာက ပြသနာမရှိဘူး ဒီဘက်ကဘာလို့ လွှတ်ပေးလိုက်လဲဆိုပြီး ဆက်လိုက်လာဦးမှာ
တဲ့"
(၁) တာဝန်အရ လုပ်ရသော်လည်း
မိခင်စိတ်နဲ့ ကလေးရဲ့ ခက်ရင်းကို ပြန်ပေးချင်နေတဲ့ ရဲမေ၊ ကြင်နာစိတ်ရှိတယ်လို့
ချီးကျူးကြမှာလား လုံခြုံရေး ရှုထောင့်ကကြည့်ပြီး အပြစ်တင်ကြမှာလား။
(၂) စင်္ကာပူဆိုတာ လုံခြုံရေးနဲ့
ပတ်သက်လာရင် အလွန် တင်းကြပ်ပါတယ်။
ဖြစ်စဉ် (၂)
ပြည်ပရောက် မြန်မာနိုင်ငံသားတယောက်
ရန်ကုန်ကို အပြန် စင်္ကာပူမှာ လေယာဉ်ပြောင်းပြီး Boarding ဝင်တော့ ထုံးစံအတိုင်း လုံခြုံရေး
အစစ်ဆေးခံရပြန်ပါတယ်။ အဲဒီမှာ အိတ်ထဲက ကျဉ်ဆံပုံ ဆွဲသီးကလေးကိုတွေ့ပါလေရော။
စထွက်လာတဲ့ နိုင်ငံမှာ ဘာမှ မပြောဘဲ လွှတ်ပေးလိုက်တဲ့ သော့ချိတ်ကလေးအတွက်
စင်္ကာပူလေဆိပ်မှာတော့ ရဲတွေကို အကြောင်းကြားလိုက်လို့ တနာရီကျော် အစစ်ခံလိုက်ရတာ
လေယာဉ်ကမစောင့်တော့ဘဲ သူ့ ပစ္စည်းတွေချထားခဲ့ပြီးထွက်သွားပါလေရော။
ဘာမှ အန္တရာယ်ပေးတဲ့ ပစ္စည်းမဟုတ်လို့
ပြသနာမလုပ်ဘဲ အဲဒါကလေးကို သူတို့ အရှေ့မှာလွှင့်ပစ်ခိုင်းလိုက်ပြီး
ခရီးဆက်ခွင့်ရပေမဲ့ လေယာဉ်က ထွက်သွားပြီမို့ လွတ်သွားတဲ့ လေယာဉ်ကချထားခဲ့တဲ့
ပစ္စည်းတွေကို Lost and
found မှာ သွားရွေး ငွေကုန်ခံပြီး
နောက်ထပ်လက်မှတ်ဝယ်၊ အချိန်ကုန်ခံပြီး ထပ်စောင့်ပြီးမှ ရွာပြန်ရပါတော့တယ်။ နယ်ကနေ
ရန်ကုန်အထိလာကြိုတဲ့ မိသားစုတွေလည်း ကသိကအောက်တွေ ဖြစ်ရတာပေါ့။
ဖြစ်စဉ် (၃)
ကိုးရီးယားကိုသွားလည်တဲ့ မိသားစုတခု၊ ကလေးတွေက ကစား'စရာ လက်ပစ်ဗုံးပုံ သော့ချိတ်ကလေးတွေ ဝယ်ပါတယ်၊ လေဆိပ်မှာ ချက်အင်ဝင်တော့ မိဘတွေက ဝန်ထမ်းတါေကို မေးပါသေးတယ်။ ကောင်တာဥ လေကြောင်းလိုင်းဝန်ထမ်းက လူနဲ့ ယူသွားလို့ရပါတယ် တဲ့ ။ အထဲလဲ ဝင်ရော လုံခြုံရေးက သိမ်းထားလိုက်ပါတယ်။ စစ်တာဆေးတာ မလုပ်တာကိုပဲ ကျေးဇူးတင်ခဲ့ရပါသတဲ့ ။
ဖြစ်စဉ် (၃)
ကိုးရီးယားကိုသွားလည်တဲ့ မိသားစုတခု၊ ကလေးတွေက ကစား'စရာ လက်ပစ်ဗုံးပုံ သော့ချိတ်ကလေးတွေ ဝယ်ပါတယ်၊ လေဆိပ်မှာ ချက်အင်ဝင်တော့ မိဘတွေက ဝန်ထမ်းတါေကို မေးပါသေးတယ်။ ကောင်တာဥ လေကြောင်းလိုင်းဝန်ထမ်းက လူနဲ့ ယူသွားလို့ရပါတယ် တဲ့ ။ အထဲလဲ ဝင်ရော လုံခြုံရေးက သိမ်းထားလိုက်ပါတယ်။ စစ်တာဆေးတာ မလုပ်တာကိုပဲ ကျေးဇူးတင်ခဲ့ရပါသတဲ့ ။
နိုင်ငံအတော်များများမှာ လေဆိပ်
လုံခြုံရေး စစ်ဆေးတဲ့ နေရာမှာ၊ သတိပေး ကြေငြာထားပြီးသားဖြစ်တဲ့ တားမြစ်ထားတဲ့
လက်နက်အဖြစ်သုံးလို့ရနိုင်တဲ့ ပစ္စည်းတွေကို တွေ့ရင် ပစ္စည်းကို သိမ်းရုံ သာမက ဒါဏ်ငွေပါတပ်သလို
ခေတ္တဖမ်းဆီးထိမ်းသိမ်းတာလည်းခံရနိုင်ပါတယ်။
ကလေးကစားတဲ့ သေနတ်တောင် တကဲ့ သေနတ်နဲ့
တူရင် ပြသနာ အလုပ်ခံရတတ်ပါတယ်။
အဲလို ကစားစရာ သေနတ်ကိုယူလာမိလို့
သူများနိုင်ငံ လေဆိပ်မှာ တနာရီမက ရဲတွေစစ်ဆေးတာကို ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း မိတ်ဆွေတယောက်က
သူ့ရဲ့ အတွေ့အကြုံကို ပြောပြဖူးပါတယ်။
အဲဒါကြောင့် ပြည်ပခရီးသွားမည့်သူများ
မိမိရဲ့ခရီးဆောင် အိတ်ထဲမှာ ဆိုင်ရာနိုင်ငံ၊ ခရီးထောက်မည့်နိုင်ငံ နဲ့
စီးမည့်လေကြောင်းလိုင်းတွေက ကန့်သတ်တားမြစ်ထားတဲ့ ပစ္စည်းတွေ မပါအောင် သေသေချာချာ
ဂရုစိုက် စစ်ဆေးသင့်ပါတယ်ဆိုတဲ့ အကြောင်းကလေး မျှဝေတာပါ။
ဖိုးသုည
19-11-2018
နမူနာ စင်္ကာပူလေကြောင်းလိုင်းရဲ့
ကန့်သတ်ချက်ကလေးတွေပါ တင်ပေးထားပါတယ်။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/







Comments
Post a Comment