ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ
ရိုမန်တစ် မဆန်တဲ့ စင်္ကာပူရဲ့ ချန်ဂီ https://www.straitstimes.com/singapore/changis-jewel-shaping-up-well-for-sparkling-start-in-2019 အသက် ၂၇ နှစ် အရွယ် အမျိုးသားတယောက်က သူသိပ်ချစ်တဲ့ ဇနီးကလေး ၂၅-၈-၂၀၁၉ နေ့မှာ နိုင်ငံရပ်ခြားခရီးသွားတာကို အတူမလိုက်နိုင်တဲ့ အတွက် သူမရဲ့ ခရီးကိုသူတတ်နိုင်သလောက်အတူလိုက်ပို့ဖို့ သူများထက်ထူးအောင်လုပ်ခဲ့ပါတယ်။ သူဟာ ဇနီးသည်စီးမယ့်ခရီးစဉ်မှာ သူ့အတွက် လက်မှတ်တစောင် အပိုဝယ်ပြီး အတူချက်အင်လုပ်၊ ဘုတ်ဒင်းပါစ့်ထုတ်ကာ ဘုတ်ဒင်းဂိတ်ထဲအထိအတူလိုက်လာခဲ့ပါတယ်။ ဇနီးသည် လေယာဉ်ပေါ်ကို တက်ကာနီးအထိအတူနေပေးခဲ့ပြီးမှ နှုတ်ဆက်ကာ ကျန်နေခဲ့ပါတယ်။ ရိုမန်တစ်ဇာတ်လမ်းကလေးတပုဒ်ပေါ့။ ခက်တာက သူအဲဒီလိုလုပ်တာက စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာဖြစ်နေပါတယ်။ စင်္ကာပူ ဥပဒေနဲ့ စည်းကမ်းကြီးတဲ့ ရဲတွေကတော့ သိပ်ပြီး ရိုမန်တစ် မဆန်ကြပါဘူး။ အင်မီဂရေးရှင်းကောင်တာကိုကျော်ပြီးလျင်ရောက်တဲ့ ထရန်ဆစ်နေရာ transit areas ကို လုံခြုံရေးနယ်မြေ "protected places."လို့သတ်မှတ်ထားပါတယ်၊ https://www.facebook.com/singaporepoliceforce/photos/a.10152380286964408/10158819545354408/?type=3&t...