Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃)၊ အခမဲ့ လည်နိုင်သောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃) အခမဲ့ လည်နိုင်သောနေရာများ။ Gunung Mulu National Park ထဲမှာ မိမိဘာသာလျှောက်ကြည့်လို့ရတဲ့ Unguided tours တွေရှိပါတယ်၊ Park entry fees ၅ ရက်စာပေးထားပြီးလျင် အဲဒီ Unguided tours တွေကို အခမဲ့လည်လို့ရပါတယ်။ ပထမဆုံး Park ရဲ့မြေပုံကို Park HQ Office မှာ အခမဲ့ ရယူပါ။ ပြီးတော့ ကိုယ်သွားမည့် နေရာတွေကို ရွေးပြီး ခရီးစဉ်လမ်းကြောင်းဆွဲပါ။ သွားတဲ့ခရီးအလိုက် ခန့်မှန်းကြာချိန်ကို မြေပုံမှာပြထားပါတယ်။ Paku trail နဲ့ Paku waterfall ကိုသွားမယ်ဆိုလျင်တော့ Security ကောင်တာမှာ စာရင်းပေးထားခဲ့ရပါတယ်။ Tree top tower ကိုတက်ချင်လျင် Security ဆီမှာ RM50 စရံပေးပြီး သော့ငှားရပါတယ်။ သော့ပြန်အပ်တဲ့အချိန် ငွေပြန်ပေးပါတယ်။ အချိန် အကန့်အသတ်ဘာမျှမပြောပါ။ ကိုယ့်ခရီးအလိုက် အစာပြေစားဖို့အစာ၊ သောက်ရေ၊ မိုးကာ၊ ခြင်ဆေး စတာတွေကိုတော့ ယူသွားသင့်ပါတယ်။ ကျနော်ကတော့ Camp 5 က ပြန်ရောက်လို့ ရေမိုးချိုး၊ နေ့လည်စာစားပြီးမှထွက်ရလို့ နေရာသိပ်မစုံသလို အချိန်လည်း တို...