Posts

Showing posts from November, 2018

ဘာမဟုတ်တဲ့ ပစ္စည်းကလေးတခုကြောင့် သူများနိုင်ငံ လေဆိပ်မှာ ခေတ္တထိန်းသိမ်း စစ်ဆေးတာခံရနိုင်ပြီး လေယာဉ်လည်းလွတ်ကာ ဒုက္ခများနိုင်ပါတယ်ဆိုတဲ့ အကြောင်းကလေး။

Image
ဖြစ်စဉ် (၁) တခါက ရန်ကုန်လေဆိပ် boarding gate လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ ၃ နှစ် အရွယ်ကလေးနဲ့ သူ့အဖေတို့ရဲ့ လက်ဆွဲအိတ်ကို ရဲမေတယောက်က ဖွင့်ပြခိုင်းပါတယ်။ ဓါတ်မှန်ထဲဖြတ်စစ်တော့ အိတ်တဲမှာ ခက်ရင်းတချောင်းတွေ့လို့ပါ။ လေယာဉ်ပေါ် မှာအစားကျွေးတာတောင် ပလတ်စတစ် ဇွန်း ခက်ရင်းပဲပေးတော့တဲ့ ခေတ်ဆိုတော့ စတီးနဲ့ လုပ်ထားတဲ့ ချွန်ထက်သော ပစ္စည်းတွေကို လူနဲ့ အတူ ယူခွင့် မပြုဘူးကိုး။ အိတ်ကိုဖွင့်လိုက်တော့ ကလေးအတွက် ဇွန်းခက်ရင်းနဲ့ တူ အစုံဘူးကလေး။ ရဲမေက စတီးခက်ရင်းကို ယူခွင့်မပြုကြောင်းပြောပြတော့ ကလေးအဖေကလည်း မေ့ပြီး ထည့်လာခဲ့မိကြောင်းရှင်းပြ။ ရဲမေက ခက်ရင်းကို ထုတ်ယူထားလိုက်ပြီး ကျန်တာတွေနဲ့ ဘူးကလေးကို ပြန်အပေး ကလေးကို ကြည့်ပြီးတွေ ဝေသွားတယ်။ ပါးစပ်ကလည်း   "အော် သူကလေးရဲ့ ဇွန်းခက်ရင်း အစုံကလေးတော့ ဘက်ပဲ့ သွားတော့မှာပဲ" တဲ့ ။ ခက်ရင်းကလေးကို ပြန်ထည့်ပေးမလို့လုပ်ရင်း ချည်တုံချတုံဖြစ်နေပြီးမေးတယ် "စင်္ကပူတင်ပဲလား၊ ဘယ်ကိုသွားမှာလဲ" တဲ့၊ "မဟုတ်ပါဘူး စင်္ကပူမှာ လေယာဉ်ပြောင်းပြီး ခရီးဆက်ရမှာ" ဆိုတော့မှ ခက်ရင်းကလေးကို စိတ်မကောင်းစွာ သိမ်းယူရင်း "အဲဒါဆိုရင်တော့ ပေးယူလို့ မျ...