Posts

Showing posts from April, 2023

မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်

Image
 မြန်မာနိုင်ငံသားများနဲ့ ဘရူနိုင်းနိုင်ငံပြည်ဝင်ခွင့်  နိုင်ငံခြားသားတယောက်ဟာ  အမြဲတန်းနေထိုင်ခွင့် Permanent residency  မရထားတဲ့ နိုင်ငံတခုကိုဝင်တဲ့အခါ အဓိက လိုအပ်ချက် သုံးခုရှိပါတယ်။  (၁)  Travel Document, (Passport, Certificate of Idendity  စသည်ဖြင့်။ ) (၂)  တိုင်းပြည်တွင်းသို့ဝင်ရောက်ခွင့် ဗီဇာ Visa နဲ့  (၃) တိုင်းပြည်အတွင်းကာလတခုအထိ နေထိုင်ခွင့်ပါမစ် (permit/ pass  စသည်ဖြင့်ခေါ်ပါတယ်။ ) ဒီနေရာမှာ  နံပတ် ၂  ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ နေထိုင်ခွင့် pass/ permit တို့ဟာမတူဘူးဆိုတာကို  လူအတော်များများကသတိမပြုမိကြတာကိုသတိထားမိပါတယ်။  နိုင်ငံအလိုက် သူတို့ဥပဒေအလိုက် အဲဒီဗီဇာ နဲ့  နေထိုင်ခွင့်ပါမစ် အမျိုးစား၊ လိုအပ်ချက်၊ ထုတ်ပေးပုံတွေ မတူပါဘူး။  Travel Document, Passport  ကျနော်တို့ကိုင်တဲ့ပါစ့်ပို့တွေကိုလည်း အခြေခံအားဖြင့် အမျိုးစားခွဲခြားထားတာက သုံးမျိုးပါ၊  (၁) Diplomatic passport  ဆိုတဲ့ သံတမန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ပါ့စ်ပို့ အပြာ (၂) Official passport (  အစိုးရကတရားဝန်တာဝန်နဲ့ပြည်ပခရီးကိုစေလ...