သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင်ရန် Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင်
သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ ထိုင်ဝမ်နိုင်ငံသို့ ဝင် ရန် Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် မြန်မာနိုင်ငံသားတွေထိုင်ဝမ်ကိုဝင်ခွင့်ဗီဇာကို လျှောက်နိုင်တဲ့ ထိုင်ဝမ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ရုံးကို အမှတ် ၉၇/၁၀၁ (အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ ၂၀၁၆ မတ်လကစလို့ပြန်ဖွင့်ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန် ဗီဇာလျှောက်မယ်ဆိုလျင် အဲဒီရုံးရဲ့ website လင့် https://www.roc-taiwan.org/mm_mm/cat/11.html မှာ ဗီဇာလျှောက်ဖို့လမ်းညွှန်ချက်နဲ့ လင့် https://visawebapp.boca.gov.tw/BOCA_EVISA/ တွေရှိပါတယ်။ ပွဲစားမလိုပဲ အဲဒီရုံးမှာကိုယ်တိုင်လျှောက်နိုင်ပါတယ်။ အဲလိုလျှောက်ဖို့လိုတဲ့ စာရွက်စာတန်းတွေကို ဒီလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်။ https://www.roc-taiwan.org/uploads/sites/238/2016/10/%E7%B0%BD%E8%AD%89%E6%87%89%E7%B9%B3%E6%96%87%E4%BB%B6.pdf သတ်မှတ်ချက် ပြည့်မှီသော မြန်မာနိုင်ငံသားများ Travel Authorization Certificate ကို အွန်လိုင်းကနေလျှောက်ထားနိုင် ( ၁၅မိနစ်အတွင်းအကုန်ပြီး) ၂၀၁၇ ဇွန်လ ၂ ရက်...