Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃)၊ အခမဲ့ လည်နိုင်သောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃) အခမဲ့ လည်နိုင်သောနေရာများ။
Gunung Mulu National Park ထဲမှာ မိမိဘာသာလျှောက်ကြည့်လို့ရတဲ့ Unguided tours တွေရှိပါတယ်၊ Park entry fees ၅ ရက်စာပေးထားပြီးလျင် အဲဒီ Unguided tours တွေကို အခမဲ့လည်လို့ရပါတယ်။
ပထမဆုံး Park ရဲ့မြေပုံကို Park HQ Office မှာ အခမဲ့ ရယူပါ။
ပြီးတော့ ကိုယ်သွားမည့် နေရာတွေကို ရွေးပြီး ခရီးစဉ်လမ်းကြောင်းဆွဲပါ။ သွားတဲ့ခရီးအလိုက် ခန့်မှန်းကြာချိန်ကို မြေပုံမှာပြထားပါတယ်။
Paku trail နဲ့ Paku waterfall ကိုသွားမယ်ဆိုလျင်တော့ Security ကောင်တာမှာ စာရင်းပေးထားခဲ့ရပါတယ်။
Tree top tower ကိုတက်ချင်လျင် Security ဆီမှာ RM50 စရံပေးပြီး သော့ငှားရပါတယ်။ သော့ပြန်အပ်တဲ့အချိန် ငွေပြန်ပေးပါတယ်။ အချိန် အကန့်အသတ်ဘာမျှမပြောပါ။
ကိုယ့်ခရီးအလိုက် အစာပြေစားဖို့အစာ၊ သောက်ရေ၊ မိုးကာ၊ ခြင်ဆေး စတာတွေကိုတော့ ယူသွားသင့်ပါတယ်။
ကျနော်ကတော့ Camp 5 က ပြန်ရောက်လို့ ရေမိုးချိုး၊ နေ့လည်စာစားပြီးမှထွက်ရလို့ နေရာသိပ်မစုံသလို အချိန်လည်း တိုတော့ စိတ်တိုင်းကျ လျှောက်မကြည့်နိုင်ခဲ့ပါ။ ခြင်ကတော့အတော်ပေါပါတယ်။
(၁) Botanic loop
အဲဒီနေရာက Bat Observatory နဲ့ Deer cave, Lang Cave တွေကိုသွားတဲ့လမ်းပေါ်မှာ ဝဲယာ နှစ်ဘက် တခြမ်းစီရှိတာပါ။
သစ်သားလျှောက်လမ်းကနေကျောက်စရစ် လမ်းကလေး တလျှောက်လျှောက်သွားရင်း အင်းဆက်ကလေးတွေ၊ အပင်တွေမျိုးစုံတို့ကိုလေ့လာကြည့်ရှုလို့ရပါတယ်။ လမ်းတလျှောက် ပိုစတာကြီးတွေနဲ့ ပုံတွေနဲ့ ပြပေးထားလို့ လေ့လာချင်သူကျောင်းသူကျောင်းသားအရွယ်တွေအတွက် အကျိုးရှိပါတယ်။
တောကောင်တွေကို စောင့်ကြည့်ဖို့ လင့်စင်ကလေး ဆောက်ပေးထားတာရှိပါတယ်။
| တောကောင်တွေကို စောင့်ကြည့်ဖို့လင့်စင် |
(၂) Paku Waterfall
Paku Waterfall ကို လာလမ်း နှစ်ဘက်ရှိပါတယ် ၊ အဲဒီနှစ်ဘက်ကိုဆက်လျင်တော့ Paku trail လို့ခေါ်ပါတယ်။ ကျနော်က တော့ Botanic loop ကနေ ဆက်သွားတာဖြစ်လို့ အဲဒီဘက် ကဝင်ပါတယ်။ မိုးရွာထားလို့ လမ်းမှာ တချို့နေရာတွေမှာ ဗွက်တွေရှိပါတယ်။ ရေတံခွန်က လမ်းတလျှောက်တွေ့နေတဲ့ချောင်းပေါ်မှာဖြစ်တာမဟုတ်ဘဲ ရေက ချောင်းနံဘေးကျောက်တောင်ကြီးရဲ့ အကြား ကနေ ပြန်ကျလာတာပါ။
ရေတံခွန်နားမှာ မျှော်စင်ထိုးထားပေးလို့ အစားအစာတွေယူလာပြီး ပျော်ပွဲစားလို့ကောင်းမယ်ထင်ပါတယ်။ အဲဒီလမ်းတလျှောက် မှာလည်း စိတ်ဝင်စားစရာ အကောင်ကလေးတွေ၊ လိပ်ပြာတွေနဲ့ အပင်တွေတွေ့နိုင်ပါတယ်။
| Amorphophallus titanum |
| Amorphophallus titanum |
![]() |
(၃) Bat Observatory
Deer Cave ထဲကလင်းနို့တွေ နေဝင်ရီတရောအချိန်မှာ အပြင်ထွက်လာတဲ့အခါ အုပ်စုဖွဲ့ပုံဖေါ်ပျံသန်းကြတာကိုကြည့်ဖို့ နေရာပါ။ ဒီအကြောင်းကိုတော့ အပိုင်း ၂ မှာရေးထားပါတယ်။
![]() |
| https://mulupark.com/bat-exodus/ |
![]() |
| https://mulupark.com/bat-exodus/ |
![]() |
| https://mulupark.com/bat-exodus/ |
(၄) Tree top tower
အောက်ချင်းငှက် နဲ့ငှက်မျိုးစုံ၊ မြွေ၊ စသည်ဖြင့် အပင်မြင့်တွေမှာမှာ နားနေကျက်စားကြတဲ့သတ္တဝါတွေကိုစောင့်ကြည့်ဖို့ လုပ်ထားတာပါ။ မီတာ ၃၀ ( ၉၈ ပေ)မြင့်ပါတယ်။ စိတ်ရှည်ရှည် ထိုင်စောင့်ပြီး ဓါတ်ပုံရိုက်ကြသူတွေအတွက် ထိုင်ခုံတွေပေးထားပါတယ်။ အကောင်တွေအကြောင်းပိုစတာတွေရှိပါတယ်။ လူတွေကို မြင်ပြီး အကောင်တွေလန့်မပြေးအောင် စင်ပတ်လည်မှာ ပလစ်တစ် ပိုက်ကွန်နဲ့ကာပြီး ခြောင်းကြည့်ပေါက်တွေလုပ်ပေးထားပါတယ်။ အဲဒီအပေါက်တွေနဲ့ တည့်တည့်နေရာက သစ်ကိုင်းတွေမှာ ငှက်တွေနားနေကျ အရာတွေ ။ အကိုင်းဆုံ အကိုင်းခွတွေကိုတွေ့ရပါတယ်။ ကျနော်ကတော့ နေဝင်ကာနီးမှတက်ကြည့်တာဖြစ်လို့ ဘာကောင်မျှတွေ့ဖို့မမျှော်လင့်ပါ။ တက်ဖူးတယ်ရှိအောင် တက်ပြီးကြည့်ရုံသာပါ။
ဖိူးသုည
11/07/2023
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၁ ) The Pinnacles သို့ တောင်တက်ခရီးသွားခြင်း
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၂) ဂိုက်နဲ့မှ သွားလည်ရသောနေရာများ
Gunung Mulu National Park သို့ အလည်ခရီးအပိုင်း (၃) အခမဲ့ လည်နိုင်သောနေရာများ။
Gunung Mulu National Park တရားဝင်ဝဘ်ဆိုက်မှာကြည့်နိုင်သော အခမဲ့ လည်နိုင်သောနေရာများ လင့်


















Comments
Post a Comment